flâneur

My life experience as a နယ်သား and စမထ : r/myanmar

reddit.com · saved by 1 readers

စစ်မှူထမ်းစထုတ်ပြန်တုန်းက သူ့သဘောနဲ့ဝင်တဲ့သူတွေရှိတယ် တစ်လလေးသိန်းရမယ်လို့ဆွယ် ဂိတ်ဖိုးဘာညာ ဘေးပေါက်တွေဆို အတော်ရတယ်လို့ကြားတယ် တကယ်လည်းရခဲ့ကြတယ် (အဲ့အချိန်လောက်ကတည်းက ကျနော်ဟာ ရန်ကုန်ကိုပြေးလာခဲ့တယ် ၂၀ကျော်လူငယ်တွေတော်တော်များများ ကျနော်နဲ့ အခြေအနေတူကြတယ် အဲ့အချိန်လောက်ကတည်းက လူငယ်တော်တော်များများက နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြပြီ) အချိန်ကြာလာတော့ တိုက်ပွဲတွေက ပြင်းထန်လာပြီး အဲ့လူတွေတော်တော်များများသေကုန်တယ် ဆန္ဒပြုဝင်တဲ့လူတွေ အရမ်းကိုနည်းသွားတယ် ရပ်ကွက်အလိုက် မဲစနှိုက်တာတွေစတယ် ထုံးစံအတိုင်း ပိုက်ဆံပေးနိုင်တဲ့ကောင်တွေလွတ်တယ် ဒါပေမယ့် မဲနှိုက်တာက သုံးလ တစ်ကြိမ်လောက်ဖြစ်နေတော့ နောက်ပိုင်းမပေးနိုင်ရင်ပါရော သူတို့လူအရမ်းလိုတွေနေရင်တော့ ဘယ်လောက်ပေးပေးမရဘူး ဒီအချိန်လောက်မှာ စမထနဲ့မလွတ်တဲ့လူငယ်တွေကကျောင်းပြန်တက်တဲ့သူတက်၊ အစိုးရအလုပ်ဝင်လုပ်တဲ့သူကလုပ် ၊ KIAနယ်မြေသွားတဲ့လူကသွား၊ pdf ဝင်ကြနဲ့ စမထလွတ်ဖို့ လုပ်နိုင်သမျှအကုန်လုပ်ကြတယ် အဲ့လိုနဲ့ မြို့ပေါ်မှာ လူငယ်တွေအရမ်းနည်းသွားပြီး ရပ်ကွက်အဆင့်မဲနှိုက်တာနဲ့ မလုံလောက်တော့ဘူး ပေါ်တာဆွဲတာအရမ်းကြမ်းလာတယ် လူမဆန်တော့ဘူး မြို့ကထွက်ဖို့ဆိုတာ အင်မတန်ခက်ခ

saved by